ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ စတင်ထုတ်ပေး

ကွန်ဟိန်း ဩဂုတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲအချိန်ကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ဩဂုတ်လ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းပင်စင်လစာထုတ်ယူမည့်သူစုစုပေါင်း (၂၃၁)ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)