မိုးနဲ ဩဂုတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာငွေများကို ယနေ့ နံနက် ၈ နာရီခွဲအချိန်ကစတင်၍ ထုတ်ပေးလျက်ရှိရာ ပင်စင်အငြိမ်းစားများမှ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ပင်စင်လစာငွေများကို လစဉ် ၂၁ ရက် နေ့မှစတင်ကာ နိုင်ငံ့ဝန်ထမ်းလစာငွေများ မထုတ်ပေးမီ ရုံးဖွင့်ရက်များ၌ ထုတ်ပေးလျက်ရှိကြောင်း၊ နံနက် ၈ နာရီခွဲအချိန်မှစတင်ကာ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း၊ လွယ်ကူလျင်မြန်စွာထုတ်ယူနိုင်ရေး ဘဏ်ဝန်ထမ်းများကလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပင်စင်ထုတ်ယူသူများအနေဖြင့် ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်ပါက ကိုယ်စာလှယ်လွှဲစာဖြင့် လာရောက်ထုတ်ယူခွင့်ပြုထားကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဘဏ်ပင်စင်စား၊ မြို့ပြပင်စင်စား၊ နိုင်ငံရေးပင်စင်စားနှင့် ကာကွယ်ရေး ပင်စင်စား ၃၀၀ ကျော် လာရောက်ထုတ်ယူလျက်ရှိကြောင်း၊ ယနေ့တွင် ကာကွယ်ရေးပင်စင်စားများမှအပ ကျန်ပင်စင်စားများမှ လာရောက်ထုတ်ယူသွားမည်ဖြစ်ကြောင်း၊ ထုတ်ယူခွင့်ကတ်ပြားများ ပျောက်ဆုံးပျက်စီးခြင်းဖြစ်ပေါ်ပါက ဘဏ်မှစီစစ်၍ အခမဲ့ပြန်လည်ပြုလုပ်ပေးကြောင်း ဘဏ်တာဝန်ရှိသူထံမှ သိရသည်။
ဇင်ကိုကို