ဆီဆိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ဆီဆိုင် ဩဂုတ်၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဆိုက်ခေါင်)တွင် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတာဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ဆီဆိုင်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်အကြောင်းများကိုလည်းကောင်း၊ ဘန်းယဉ်နယ်မြေရဲစခန်းမှူး ဒုတိယရဲမှူး ခွန်ကျော်ဝင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကိုလည်းကောင်း၊ ဆိုက်ခေါင်ရဲကင်းမှူး ရဲအုပ် နိုင်နိုင်ထွန်းက လူကုန်ကူးမှုအန္တရာယ်နှင့် တားဆီးကာကွယ်ရေးအကြောင်းများကိုလည်းကောင်း ပရိုဂျက်တာဖြင့် အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် သင်တန်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့တို့က ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)