ကျောက်တလုံးကြီးမြို့တွင် အစေ့ထုတ်ပြောင်းစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်

ကျောက်တလုံးကြီး ဩဂုတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌နေထိုင်ကြသော ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး သနပ်ဖက်၊ ပြောင်း၊ ထောပတ်၊ လိမ္မော်၊ ကြက်သွန်၊ သခွားနှင့် အခြားသီးနှံများအား စိုက်ပျိုးလျက်ရှိရာ ယခုနှစ် အစေ့ထုတ်ပြောင်းစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့၌ အစေ့ထုတ်ပြောင်းစိုက်ဧက ၁၀၀၀ ကျော်ရှိပြီး နှစ်စဉ် ဇွန်/ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီးချိန်မှ ၂ လအတွင်း စိုက်ခင်းအတွင်း ပေါင်းမြက်များရှင်းလင်းခြင်း၊ မြေဩဇာကျွေးခြင်းစသည်တို့ကို ဆောင်ရွက်ပေးရကြောင်း၊ ယခုနှစ်အတွင်း အစေ့ထုတ်ပြောင်း(အစို) ၁ ပိဿာလျှင် ဒေသပေါက်ဈေး ၇၅၀ ကျပ်ရှိကြောင်း၊ ရိုက်သိမ်းခြွေလှည့်ပြီးချိန်တွင် ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာရှိ ပြောင်းအဝယ်ဒိုင်များထံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယမန်နှစ်ထက် အစေ့ထုတ်ပြောင်း ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း အစေ့ထုတ်ပြောင်းစိုက်ပျိုးသူ ဦးခွန်မောင်စိန်ထံက သိရသည်။

ဇော်နိုင်လင်း