မူဆယ် ဩဂုတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့၊ ကချင်ရိုးရာမနောကွင်းခန်းမတွင် ဩဂုတ်လ ၃ ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်တွင် မူဆယ်ခရိုင်အတွင်းရှိ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် လူမှုရေး အသင်းများ ပထမအကြိမ်တွေ့ဆုံခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ မူဆယ်(၁၀၅)မိုင်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြင့်မြတ်ပါရမီလူမှုကူညီ ရေးအသင်း(မူဆယ်)၊ ကြင်နာနွေးထွေးအသင်း(မူဆယ်)၊ ခိုလုံလီရှောလူငယ်ရေးရာ(မူဆယ်) တာဝန်ခံနှင့်အဖွဲ့၊ ကွတ်ခိုင်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ကချင်အမျိုးသမီးကွန်ရက် အဖွဲ့ဝင်များ၊ ကချင်စာပေနှင့် ယဉ်ကျေးမှု အသင်း အဖွဲ့ဝင်များ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကေုမတီဒုတိယဉက္ကဋ္ဌနှင့် သီပေါလူငယ်လူမှုကူညီရေးအသင်းမှ အသင်းဝင်များသည် ပထမအကြိမ် အဖြစ်တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မူဆယ်ခရိုင်အတွင်း လူမှုကူညီရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အချင်းချင်း ချိတ်ဆက်၍ ဆောင်ရွက်သွားကြရန်၊ ကူညီရိုင်းပင်းရန်နှင့် အဖွဲ့ဝင်များအချင်းချင်း ညီညွတ်စွာ လက်တွဲ ချိတ်ဆက် ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်များ တစ်ဦးချင်းအလိုက် မိတ်ဆက်ကြပြီး မှတ်တမ်းတင် ရိုက်ကူကာ တွေ့ဆုံပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
စန္ဒာ(ပြန်/ဆက်)