မိုင်းပျဉ်းမြို့နယ်၌ ကာယပညာနှင့် အားကစားလုပ်ငန်း မွမ်းမံသင်တန်း ဖွင့်လှစ်

မိုင်းပျဉ်း  ဩဂုတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပညာရေးဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကာယပညာနှင့် အားကစားလုပ်ငန်း PE Exercise (အတွဲအမှတ် ၃/၄)နှင့် Fitness Exercise (PE-22) မွမ်းမံသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်ပိုင်း မြို့နယ်ပညာ‌ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်လွင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကာယပညာနှင့် အားကစားလုပ်ငန်း PE Exercise (အတွဲအမှတ် ၃/၄)နှင့် Fitness Exercise (PE-22) မွမ်းမံသင်တန်းစတင်ရာ နည်းပြဆရာမ (၃)ဦးဖြင့် သင်ကြားပေးပြီး သင်တန်းသူ၊ သင်တန်းသား (၃၈) ဦးဖြင့် (၂၀-၈-၂၀၂၅)ရက်နေ့မှ (၂၃-၈-၂၀၂၅)ရက်နေ့အထိ (၄)ရက်တာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)