ပုဗ္ဗသီရိ ဩဂုတ် ၂၁
ပုဗ္ဗသီရိမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်မှ အဖွင့်အမှာစကားပြောကြားပြီး ပုဗ္ဗသီရိမြို့နယ်တွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် သုံးလစာအတွက် ခြောက်သောင်းအား စုစုပေါင်း လူဦးရေ ၁၄၄၇ ဦး၊ အိမ်ထောင်စု ၃၆၆ စုအတွက် ငွေကျပ် ၈၆,၈၂၀,၀၀၀ (ကျပ် ရှစ်ရာခြောက်ဆယ်ရှစ်သိန်းနှစ်သောင်း)အား ထောက်ပံ့ပေးအပ်ခဲ့ပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
နန်းရွှေရတီ (ပြန်/ဆက်)