ကျိုင်းတုံ ဩဂုတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် အနုပညာအသင်း၏ ၂၀၂၅ ခုနှစ် မုတ်သုန်ရာသီ သီချင်းဆိုပြိုင်ပွဲကို ယမန်နေ့က အဆိုပါကျောင်း ခေမရဌ်ခန်းမတွင် ကျင်းပသည်။
ဦးစွာ ကျိုင်းတုံတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ဖြူဖြူမြင့်က အမှာစကားပြောကြားပြီး မုတ်သုန်ရာသီ သီချင်းဆိုပြိုင်ပွဲကိုကျင်းပရာ ကျိုင်းတုံတက္ကသိုလ်၊ ဘာသရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး ပါဝင်သီဆိုယှဉ်ပြိုင်ကြသည်။
ထို့နောက် ကျိုင်းတုံတက္ကသိုလ် ခေတ္တပါမောက္ခချုပ်၊ အနုပါပညာအသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့က ဖျော်ဖြေမှုအကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် Vote အများဆုံး POPULAR STAR ဆုများကို စင်မြင့်ပေါ်တွင် ဖွင့်ဖောက်ကြေငြာပြီး ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)