မိုင်းဖြတ်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

မိုင်းဖြတ် ဩဂုတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက ထောက်ပံ့ငွေများပေးအပ်ရခြင်နှင့်စပ်လျဉ်း၍ အမှာစကားများပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယာယီနေရပ်စွန့်ခွာပြည်သူ(၆၉)ဦးအတွက် တစ်ဦးတစ်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ဧပြီ၊  မေ၊ ဇွန်လများအတွက် (၄၁၄၀၀၀၀)သိန်းကျပ်ကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)