ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၇) စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် ဘောလုံးအားကစား ပြိုင်ပွဲစတင် ဖွင့်လှစ်ကျင်းပ

ပြည်ကြီးတံခွန် ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇) စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် ယ‌မန်နေ့ ညနေပိုင်းက ကျောင်းကောင်စီမှ ကြီးမှူး၍ ကျင်းပသော ဘောလုံးအားကစားပြိုင်ပွဲ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။

အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲတွင်  ဘောလုံးအားကစား အသင်း(၅)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တစ်သင်းလျှင် (၁၁)ယောက်နှုန်းဖြင့် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဘောလုံးအားကစားပြိုင်ပွဲကို အောက်တိုဘာလအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ အနိုင်ရရှိသည့် ဘောလုံးအားကစားအသင်းများကိုလည်း ဆု‌များချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းမောင်