ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာကျောင်းများတွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေး

ပြည်ကြီးတံခွန်    ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ KG ကျောင်းသား၊ ကျောင်းသူများ ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါကာကွယ်ဆေး (Oravacs) တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် နာရီက စတင်ကာ အခြေခံပညာ ကျောင်းများတွင် စတင်တိုက်ကျွေးခဲ့ကြောင်းသိရသည်။

ထိုသို့တိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမြတ်မိုးဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ KG တန်း ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ဆေး(Oravacs)ကို စနစ်တကျ တိုက်ကျွေးခဲ့ကြပါသည်။ ယင်း ပြည်ကြီးတံခွန်မြို့နယ်တွင် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါကာကွယ်ဆေးတိုက်ကျွေးမည့် KG တန်းကလေးငယ်များအား ရက်သတ္တပတ် တစ်ပတ် အတွင်း အခြေခံပညာကျောင်းများ သို့ကွင်းဆင်းကာ ကာကွယ်ဆေးလွှမ်းခြုံနိုင်ရေး တိုက်ကျွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းမောင်