ဖားကန့် ဩဂုတ် ၂၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ဖားကန့်မြို့ အခြခံပညာအထက်တန်းကျောင်း ဥရုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ(ကိုယ်စား) မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးနွယ်က ပညာရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၅ ခုနှစ် တက္ကသိုလ်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်အဘက်ဘက်မှ ပံ့ပိုးကူညီကြသည်သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ တာဝန်ရှိသူများက ပေးအပ်သည်။
ယင်းနောက် ၂၀၂၅ ခုနှစ် တက္ကသိုလ်စာမေးပွဲ အောင်ချက်ကောင်းမွန်အောင် စွမ်းဆာင်နိုင်ခဲ့ကြသော ကျောင်းအုပ်ဆရာကြီးများအား တာဝန်ရှိသူများက ချီးမြှင့်ကြသည်။
ထို့နောက် ၂၀၂၅ ခုနှစ်တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများမှ သုံးဘာသာဂုဏ်ထူး(၁ဝ)ဦး၊ နှစ်ဘာသာဂုဏ်ထူး(၁၃)ဦးနှင့် တစ်ဘာသာ ဂုဏ်ထူး(၁၄)ဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)