ကျောက်ဆည် ဩဂုတ်၂၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပန်းခွာကျေးရွာတွင် မိုးနှမ်းသီးနှံ ၂၆ ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ တိုက်နယ်(၁)အုပ်စုတွင် ကျေးရွာအုပ်စု(၇)စုပါဝင်ပြီး ပန်းခွာကျေးရွာအပြင် ကျီးပြကျေးရွာအုပ်စု၌ ၆၉ ဧက၊ သင်ပျိုကျေးရွာအုပ်စု၌ ၁၀၇ဧက၊ ကျီးအိပ်ကျေးရွာအုပ်စု၌ ၁၃၅ဧက၊ ဒွေးလှကျေးရွာအုပ်စု၌ ၃၅ဧက၊ ငါးဆူကျေးရွာအုပ်စု၌ ဧက ၁၄၀ ၊ ရှားပင်ကျေးရွာအုပ်စု၌ ၁၀၃ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ပန်းခွာကျေးရွာသည် တိုက်နယ်(၁)အုပ်စုတွင် ပါဝင်ပြီး မိုးနှမ်းသီးနှံများစိုက်ပျိုးရာ၌ စမာမြောင်းရေကို အဓိကထား၍ အထွက်နှုန်းကောင်းမွန်ရေး ဒေသနှင့်ကိုက်ညီသည့် နှမ်းမျိုးများကို ရွေးချယ်ကာ တန်းဆွဲစနစ်၊ ပေါင်ကြီးတင်စနစ်များဖြင့်စိုက်ပျိုးကြကြောင်း၊ အဆိုပါ စိုက်နည်းစနစ်များသည် လေဝင်လေထွက် ကောင်းမွန်ပြီး ပေါင်းမြက်ရှင်းလင်းခြင်းနှင့် ရေသွင်းရေထုတ်ပြုလုပ်ခြင်း၊ သွင်းအားစုများ ထည့်သွင်းခြင်း ပြုလုပ်ရာတွင် အဆင်ပြေကောင်းမွန်သည့်အတွက် အပင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)