မြစ်ကြီးနား သြဂုတ် ၂၀
ငါးအိုးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူများ၏ မိုးစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စုရှိ တူးရိန်ကွင်းအား သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကချင်ပြည်နယ် သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှမြင့်၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နိုင်နိုင်မော်နှင့်တာဝန်ရှိသူများက အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လိုအပ်သည်များမှာကြားကာ တောင်သူများ ၏ လိုအပ်ချက်များဖြစ်သော အစေ့ချစက်နှင့် မြေသြဇာများကို အချိန်မီရရှိနိုင်ရေး ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)