မဟာအောင်မြေ ဩဂုတ် ၂၁
မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပရေးဆပ်ကော်မတီ (ဒုတိယ) အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ (၂၀) ရက်နေ့က URC အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးအားအာစရိယပူဇော်ပွဲဆပ်ကော်မတီအဖွဲ့ဝင်များ မန္တလေးတက္ကသိုလ်မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖနှင့် ကျောင်းသားဟောင်းများ စုစုပေါင်း ၆၀ ဦးကျော် တက်ရောက်ဆွေးနွေးခဲ့ကြပြီး မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမေသွယ်အေးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ရာ မန္တလေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး၂၀၂၅ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် အသက် (၇၀) ပြည့်မည့် ဘာသာရပ်ပေါင်းစုံမှ ဆရာကြီး၊ ဆရာမကြီးများအား မန္တလေးတက္ကသိုလ်ရာပြည့်အထိမ်းအမှတ်နေ့တွင် အာစရိယပူဇော်ပွဲ ကျင်းပနိုင်စေရန် အာစရိယပူဇော်ပွဲဆပ်ကော်မတီဖွဲ့စည်း၍ တက်ရောက်လာသူများအား အသီးသီး တာဝန်ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း