ကမာရွတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား လျှပ်စစ်အန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန် သြဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက အမှတ် (၆) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၃)၌ လျှပ်စစ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဦးဆောင်၍ ဆွေးနွေးပေးခဲ့ကြောင်း သိ ရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်လျှပ်စစ်မန်နေဂျာ၊ ဦးအေးဝင်းမှ လျှပ်စစ်အန္တာရာယ်ကင်းစေရေး Pamphlet များဝေခြင်း၊ Pamphlet ပါအချက် အလက်များ ရှင်းပြခြင်း/မြန်မာနိုင်ငံအရပ်ရပ်တွင် ဖြစ်ပေါ်ခဲ့သည့် ဓာတ်လိုက်မှု ဖြစ်စဥ်များမှ ဆောင်ရန်/ရှောင်ရန်အချက်များ၊ တရားမဝင်ဓာတ်အားသုံးစွဲမှု အမျိုးအစားများအားရှင်းပြခြင်း၊ တရားမဝင်ဓာတ်အားသုံးစွဲမှုကို စစ်ဆေးတွေ့ရှိပါက လျှပ်စစ်ဌာနကဆောင်ရွက်မည့် လုပ်ထုံး၊ လုပ်နည်းများ ရှင်းပြခြင်း ၊တရားမဝင်ဓာတ်အားသုံးစွဲမှုကြောင့် စစ်ဆေးတွေ့ရှိမှုဖြစ်စဥ်အပေါ်လျော် ကြေး/နစ်နာကြေးတောင်းရမှုများ /တရားစွဲဆိုဆောင်ရွက်ရသည့် အခြေအနေများ၊ ပြည်သူများ တရားမဝင်ဓာတ်အားသုံးခြင်းမပြုဘဲ လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးဆောင်ရန်/ ရှောင်ရန်များအား လက်တွေ့သရုပ်ပြအသိပေးရှင်းလင်းပြသခဲ့ပါသည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြပြီး အလားတူလျှပ်စစ်အန္တရာယ်ကြိုတင်ကာကွယ်အသိပညာများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍လည်း အသိပညာပေးဟောပြောပေးမည့်ဖြစ်ကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)