ပြင်ဦးလွင်မြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော‌ပွဲကျင်းပ

ပြင်ဦးလွင် ဩဂုတ် ၂၀

လူငယ်ကဏ္ဍကိုမြှင့်တင်‌စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့‌နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ‌‌အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)တွင် ကျင်းပရာ ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)မှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက  ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူက လူငယ်နှင့်သိမှတ်ဖွယ်ရာအဖြာဖြာခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြန်မာစာပေယဥ်‌ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက လူငယ်နှင့်အနာဂတ်နိုင်ငံ‌တော်ခေါင်းစဉ်ဖြင့်   လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ဟော‌ပြောဆွေးနွေးချက်များကို ကျောင်းသား/ ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ ကျောင်းသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့ပြီးနောက် မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှအဖွဲ့၀င် ဦးဟိန်းမင်းဦးက ဟောပြောပွဲကျင်းပသည့်အပေါ် မုဒိတာစကားပြောကြားသည်။

ဆက်လက်၍ မေးမြန်း‌ဆွေးနွေးချက်များအား ပြန်လည်ဖြေကြားပေးခဲ့သော ကျောင်းသား/ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါအသိပညာ‌ပေး ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး (ခရိုင်ပြန်/ဆက်)