တိုက်ကြီးမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (ရင်းတိုက်ကွင်း) ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

တိုက်ကြီး ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းလွန်ကျောင်း(ရင်းတိုက်ကွင်း)၌ ကျင်းပသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က ကလေးအလုပ်သမား၏ အဓိပ္ပါယ်သတ်မှတ်ချက်၊ ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မူဝါဒများ၊ ဥပဒေများ၊ ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း၊ ကလေးအလုပ်သမားများအတွက် အလုပ်ချိန်သတ်မှတ်ချက်တို့ကို အသိပညာပေးဟောပြောသည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ထိန်းသိမ်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများ အစရှိသည့် ဗဟုသုတရရှိစေမည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)