ကော့မှူးတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်

ကော့မှူး ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို တာလမ်းသစ်ရပ်ကွက်၌ ဆောင်ရွက်နေကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ နေအိမ်များအရောက် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ပိုးလောက်လမ်းပေါက်ဖွားနိုင်သည့် နေရာများရှင်းလင်းခြင်း၊ ရေအိုး၊ ရေစည်၊ ရေလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းများ၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် မဖြစ်ပွားမီက ကြိုတင်ကာကွယ်ခြင်းမှ အကောင်းဆုံးနည်းလမ်းဖြစ်သည့်အတွက် အဘိတ်ဆေးခတ်ခြင်းများ အသိပညာပေးခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ရပ်ကွက် / ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျော်သူရ