မဟာအောင်မြေ ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာပေချစ်မြတ်နိုးသူများအသင်း( Book Club) စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့်ရရှိသည့် ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်စေရန်၊ စာပေချစ်မြတ်နိုးသူ အချင်းချင်းရင်းနှီးကျွမ်းဝင်မှုရရှိပြီးတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ စိုင်းအောင်မိန်း(မိုတိုင်း)က တိုင်းပြည်အေးချမ်းဖွံ့ဖြိုးရေး ပုံပြဇာတ်တော်များ ဆောင်းပါးကို လည်းကောင်း၊ စာရေးဆရာ ရှေ့နေ မောင်မောင်ညိုက ဘဝထဲက စာ စာထဲက ဘဝ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)မှ အဖွဲ့ဝင်များက စာရေးဆရာများ ဆွေးနွေးသည့် အကြောင်းအရာများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ စာရေးဆရာ စိုင်းအောင်မိန်း (မိုတိုင်း)နှင့် စာရေးဆရာ ရှေ့နေ မောင်မောင်ညိုတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)၏ စာဖတ်ဝိုင်းသို့ စာရေးဆရာမကြီး ဒေါ်နုနုကြည်(အမေ့အိမ်)၊ စာရေးဆရာ စိုင်းအောင်မိန်း(မိုတိုင်း)၊ စာရေးဆရာ ရှေ့နေမောင်မောင်ညို၊ စာပေချစ်မြတ်နိုးသူများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း