အမရပူရ သြဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်း သီးနှံဆယ်မျိုး ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး သြဂုတ်လ ၁၉ ရက်နေ့က စတင်ပြီး တောင်သူပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် သြဂုတ်လ ၁၉ ရက်နေ့က တောတွင်ကျေးရွာအုပ်စုတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တောင်သူများလိုအပ်ချက်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး သြဂုတ်လ ၂၀ ရက်နေ့တွင် ပြည်လုံးကျော်၊ မင်းစု၊ မကျည်းကိုင်း၊ ရေဘုတ်၊ မုံတော၊ ကင်းဘတ်၊ တလင်းကြီးကျေးရွာများသို့ မိုးစပါးစိုက်ပျိုးနေမှုများအား ကွင်းဆင်းစစ်ဆေးပြီး တောင်သူများလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးလှိုင်ထံမှ သိရသည်။
စိုးသီဟ(အမရ)