ခိုလမ် ဩဂုတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(နောင်ပိန်)တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ စာအုပ်၊ စာစောင်များ ငှားရမ်းပေးရာတွင် ကျောင်းသား/ကျောင်းသူများ မိမိတို့၏ကိုယ်ပိုင် အားလပ်ချိန်များတွင် အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးမြင့်မားလာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်ရှိန်တိုးတက်မြှင့်မားရေး၊ ပြင်ပဗဟုသုတများနှင့် ကျန်းမာရေး၊ ပညာရေး၊ အားကစားရေးရာကဏ္ဍများကို အဆင်ပြေပြေလေ့လာ ဖတ်ရှုနိုင်ရေးနှင့် အဖက်ဖက်မှဖွံဖြိုးတိုးတက်သည့်နိုင်ငံသားကောင်းလူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ၊ ရသ စာအုပ်များကို အခမဲ့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)