မှော်ဘီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မင်းရွာ) ၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မှော်ဘီ ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် လူငယ်များဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးစာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (မင်းရွာ) ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ချိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ဘယ်လိုစာပေတွေကို ဖတ်ရှုသင့်သလဲခေါင်းစဥ်ဖြင့်လည်းကောင်း မှော်ဘီမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေလင်း စာရေးဆရာမောင်ချိုဝေက “ဆင်းရဲခြင်းလွတ်ကင်းအောင်” ခေါင်းစဉ်နှင့် ဉာဏ်ပညာထက်မြက်ရေး နည်းလမ်းကောင်းများ အကြောင်းအရာများအားလည်းကောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးဇော်ဇော်နိုင်က ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အားကစားကဏ္ဍအကြောင်းအရာများအားလည်းကောင်း ပြောကြားကာ မင်းရွာ အ.ထ.က ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဆရာတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးစာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးအခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာ‌စောင်ပြပွဲများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စန်းဝင်း (ပြန်/ဆက်)