ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာရှိ အမှတ် (၁၈) အခြေခံပညာ မူလတန်းကျောင်း၌ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ပုသိမ်ကြီး ဩဂုတ် ၂၀

ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာရှိ အမှတ်(၁၈) အခြေခံပညာ မူလတန်းကျောင်း၌ ပြပွဲ၊ ပြိုင်ပွဲများကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်းနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးဒေါ်နွဲ့နွဲ့ရီနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကျောင်းသားကျောင်းသူများက တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး၊ ကျောင်းအုပ်ကြီး ဦးသန်းစိုးလင်းက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်းက ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးရေးအတွက် လမ်းညွှန်စကားပြောကြားသည်။ ထို့နောက် မြို့မ အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ပုံပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲအား ကျင်းပခဲ့ပြီး၊ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူတို့နှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများလည်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)