မြောက်ဥက္ကလာပ ဩဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ၀န်ထမ်းများက ယနေ့နံနက်ပိုင်းက ရွှေပေါက်ကံရပ်ကွက်အတွင်း ပန်းခင်းစီမံချက် ၃ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ၀န်ထမ်းများက ရွှေပေါက်ကံရပ်ကွက်အတွင်းရှိပြည်သူများအား ပန်းခင်းစီမံချက် ၃ ဖြင့် အသက် ၁၀ နှစ် နှင့် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး၊ အိမ်ထောင်စုလူဦးရေစာရင်းများပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး(ပြန်/ဆက်)