သန်လျင်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ Video အသိပညာပေးဟောပြော

ရန်ကုန် သြဂုတ် ၂၀

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ Video အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က အထကပျဉ်ထောင်ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းက ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာပေးဟောပြောခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင်းရှောက်ရေးအသင်းဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)