ရမည်းသင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းပေးအပ်ပွဲ ကျင်းပ

ရမည်းသင်း သြဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအတွက် ​ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇီဖြူကုန်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရမည်းသင်းခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီးဇော်မျိုးထက်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးထက်မောင်က အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး​ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ လူငယ်များ အလုပ်ကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း နည်းပညာသင်တန်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း နည်းပညာသင်တန်းများကို ဖွင့်လှစ်ခဲ့ပြီး အမှန်တကယ်အလုပ်လုပ်နိုင်သူ ထူးချွန်သင်တန်းသား (၅) ဦးအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်း သုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အမှန်တကယ် အလုပ်လုပ်နိုင်သူ ထူးချွန်သင်တန်းသား (၅) ဦးအား ကျပ် (၁၄) သိန်းနှင့် ညီမျှသော ဒေသဖွံဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး ထူးချွန်သင်တန်းသားတစ်ဦးက ယခုပေးအပ်သော ပစ္စည်းများကို အသုံးချ၍ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ကာ မိသားစုအကျိုး၊ ရပ်ရွာအကျိုး၊ နိုင်ငံ့အကျိုးကို တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီဆောင်ရွက်ကာ  ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)