မန္တလေး ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ ပြည်သူ့စာကြည့်၌ ယနေ့နံနက် ၁၀ နာရီက ချမ်းမြသာစည်မြို့နယ် စာရေးဆရာအသင်း၏ စာအုပ်စာစောင်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးအတွင်းရှိခရိုင်၊ မြို့နယ်၊ မြို့ရုံးနှင့် ကျေးရွာများသို့ စာအုပ်စာစောင်လှူဒါန်းပွဲတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းကအဖွင့်အမှာ စကားပြောကြားခဲ့ပြီး ချမ်းမြသာစည်မြို့နယ် စာရေးဆရာ လွတ်လပ်ငြိမ်းက စာအုပ်စာစောင်များ လှူဒါန်းရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးအတွင်းရှိ မန္တလေးခရိုင်ပြည်သူ့စာကြည့်တိုက်၊ မြို့နယ်ပြည်သူ့ စာကြည့်တိုက်များ၊ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်များနှင့်ကျေးရွာပြည်သူ့စာကြည့်တိုက်များ (၅၄)တိုက်အတွက် ချမ်းမြသာစည်မြို့နယ်စာရေးဆရာအသင်းမှ မေတ္တာလှိုင်း ပြိုင်ငလျင်ခံစားမှု ကဗျာစာစုစာအုပ်ရေ(၁၀၈)အုပ် ပေးအပ်လှူဒါန်းခဲ့ရာ မန္တလေးခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လက်ခံရယူခဲ့ပြီး စုစုပေါင်း စာအုပ်တန်ဖိုး ရှစ်သိန်းခြောက်သောင်းလေးထောင်ရှိကြောင်း သိရသည်။
ဇင်မင်းမောင်