မဟာအောင်မြေ ဩဂုတ် ၂၀
မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ(Community Centre)၌ ချမ်းအေးသာစံမြို့နယ် စာရေးဆရာအသင်းမှ ပြည်သူ့စာကြည့်တိုက်နှင့် စံညီစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ချမ်းအေးသာစံမြို့နယ် စာရေးဆရာအသင်းဆရာမကြီး ဒေါ်နုနုကြည် (အမေ့အိမ်)က စာအုပ်လှူဒါန်းရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ချမ်းအေးသာစံမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး ဆရာကြီး စိုင်းအောင်မိန်းက စာအုပ်မှာပါရှိသော အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး မန္တလေးခရိုင်အတွင်း (၇)မြို့ရှိ ပြည်သူ့စာကြည့်တိုက်နှင့်စံညီစာကြည်တိုက်များအတွက် လှူဒါန်းပေးသော စာအုပ်စာစောင်များအား စာကြည့်တိုက်တာဝန်ခံများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း