သာစည်မြို့နယ် အ.ထ.က ညောင်ရမ်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

သာစည် ဩဂုတ် ၂၀

မန္တလေးတိုင်း‌ဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး လူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဩဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီက ညောင်ရမ်း အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးဦးလှထွန်းက လူငယ်စကားဝိုင်းပြုလုပ်ခြင်း ရည်ရွယ်ချက်များ ပြောကြားပြီး ကျောင်းအုပ်ကြီး ဦးမျိုးသက်က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက ဦးဆောင်၍ လူငယ်စကားဝိုင်းကို စတင်ရာ Grade-11 မှ မသဲစုရတီဝင်းက လူငယ်နှင့်ကျန်းမာရေး၊ မငြိမ်းအိအိလှိုင်က လူငယ်နှင့်အားကစား၊ မအင်ကြင်းဖွေးက လူငယ်နှင့်ယဉ်ကျေးမှု၊ မချမ်းမေသူက လူငယ်နှင့်နည်းပညာ၊ မောင်ကောင်းသန့်ဇင်က လူငယ်နှင့်မူးယစ်ဆေး၊ မောင်ဝီရအောင်က လူငယ်နှင့်စာပေ ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။

ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုငွေများ ချီးမြှင့်သည်။ ၎င်းနောက် ကျောင်းသား/ကျောင်းသူများက အသိပညာပေး ပြသထားသော နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ၊ သုတရသစာအုပ်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင် ဦးစိုးဝင်းအောင်၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)