ကျိုင်းတုံ ဩဂုတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် ပြည်နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က ကျိုင်းတုံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် ပြည်နယ်အဆင့်အထိမ်းအမှတ် Video Clip များပြခြင်းနှင့် အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တာဝန်ခံ ဒေါ်ခင်စန္ဒာဦးနှင့် အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင်အားဆေး၊ လက်ဆောင်ပစ္စည်များနှင့် အာဟာရဖြစ်စေသော အစားအစာများပေးအပ်ပြီး တာဝန်ရှိသူများက အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေတိုက်ကျွေးခြင်းနှင့် အာဟာရဖြစ်စေသော အစားအစာများ ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စန်းဟုန်နှင့် တာဝန်ရှိသူများက ကျောင်းကျန်းမာရေးဆိုင်ရာအသိပညာပေးပြခန်းနှင့် KG ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား အာဟာရကျွေးမွေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)