မိုင်းခုတ် သြဂုတ်၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ တောင်သူများ မြေပဲစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဒေသခံစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။
မြေပဲစိုက်ပျိုးခြင်းကို မေလမှစတင်လုပ်ကိုင်ကြပြီး သြဂုတ်လရောက်လျှင် ပျိုးနှုတ်၍ စတင်ရောင်းချရပြီဖြစ်သည်။ မြေပဲအား နို့ဆီဘူး ၁ ဘူးလျှင် (၁၅၀၀) ကျပ်၊ (၁)ပြည်လျှင် (၁၃၀၀၀)ဖြင့် ရောင်းချ၍ နေ့စဥ်ဝင်ငွေရရှိကြောင်း သိရသည်။
မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်ကြသည့်အတွက် မြေပဲစိုက်ပျိုးခြင်းအပြင် မိသားစုတစ်ပိုင်တစ်နိုင်စနစ်ဖြင့် အခြားဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသည့်လုပ်ငန်းကိုလည်း ရာသီအလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)