သန်လျင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရန်ကုန် သြဂုတ် ၂၀

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းကဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ရွှေရည်ဝင်းကျော်က ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်ခြင်းအလေ့ထားများရရှိစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုများကိုတာဝန်ရှိသူများမှ ပေးအပ်ချီမြှင့်ခဲ့ကြသည်။

အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)