နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်သည့် အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း၊ အမှတ်စဉ် (၁၁၀) သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန် ဩဂုတ် ၂၀

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၁၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၇ ရက်နေ့ နံနက် (၈) နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင် ဦးစိုးတင့်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်းပိုမိုကောင်းမွန်ပြီး အခြေခံပညာရေးနှင့် စပ်လျဉ်းသော ဗဟုသုတများအပြင် နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေရန်၊ ယုံကြည်ချက်၊ ခံယူချက်စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်အနက် တတိယအချက်ဖြစ်သည့် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေးဆိုသည့်အချက်သည် ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမများနှင့် အဓိကသက်ဆိုင်နေပါကြောင်း၊ နိုင်ငံတစ်ဝန်းပညာရေးကဏ္ဍတိုးတက်စေရန် ကျောင်းသားလူငယ်များ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ဓာတ်ကောင်းမွန်စေရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိပြီး၊ အမျိုးသားရေးစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရေး ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း၊ အနာဂတ်တိုင်းပြည်အတွက် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်စေရေး ဆရာ၊ ဆရာမများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ နိုင်ငံရေးစနစ်အရ အစိုးရအဖွဲ့များ ပြောင်းလဲစေကာမူ တာဝန်ယူရသည့် လုပ်ငန်းကဏ္ဍနှင့် အဆင့်အလိုက်လုပ်ငန်းတာဝန်များကို စဉ်ဆက်မပြတ် မှန်မှန်ကန်ကန်လုပ်ဆောင်ပြီး နိုင်ငံအကျိုး၊ ပြည်သူအကျိုးကို ရှေးရှု၍ စည်းကမ်းရှိပြီး စနစ်ကျသော အဖွဲ့အစည်းဖြစ်အောင် ဝိုင်းဝန်းတည်ဆောက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း၊ အမှတ်စဉ်(၁၁၀)သို့ သင်တန်းသား (၃၂)ဦး၊ သင်တန်းသူ (၃၆၁)ဦး၊ စုစုပေါင်း (၃၉၃)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၁၈--၂၀၂၅ ရက်နေ့မှ ၁၉-၉-၂၀၂၅ ရက်နေ့ထိ ရက်သတ္တ()ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် အဖွဲ့ဝင်ဦးစိုးတင့်သည် တက္ကသိုလ်တွင် ဖွင့်လှစ်ပို့ချနေသော သင်တန်းများကို ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်မှ ပညာဌာန ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများနှင့် တက္ကသိုလ်အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ သင်တန်းအလိုက် ပို့ချပေးနေသည့် သင်ရိုးညွှန်းတမ်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အောင်မြင့် (ပြန်/ဆက်)