ရန်ကုန် သြဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီ၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် မြို့နယ်ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ နယ်လှည့်စာကြည့်တိုက်စာအုပ်ငှားရမ်းခြင်း၊ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန် နေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးပွဲတွင် ကမာရွတ်မြို့နယ် အမှတ်(၉)အခြေခံမူလတန်းကျောင်းအုပ်ဆရာကြီးမှ အမှာစကားပြောကြားပေးပြီး ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စိမ်းလဲ့က စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ စာဖတ်သည့် အလေ့အထဖြစ်ပေါ်လာစေရန်နှင့် နေ့စဉ်နှင့်အမျှပြောင်းလဲတိုးတက်နေတဲ့ကမ္ဘာကြီးမှာနေထိုင်ကြတာ၊ တဖြည်းဖြည်းနှင့်စာအုပ်၏အခန်းကဏ္ဍဟာလည်းပိုပြီးအရေးပါလာကြောင်း၊ ခေတ်မီတိုးတက်ပြောင်းလဲလာသောလူနေမှုပတ်ဝန်းကျင်အသိုင်းအဝန်း၊ အဆင့်အတန်းမြှင့်မားလာမှုများကြောင့် မြန်မာလူငယ်များအနေနှင့်လည်း နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်အောင် အပတ်တကုတ်ကြိုးစားရန်လိုအပ်လာကြောင်းကိုအသိပညာပေးခဲ့ပြီး၊ စာကြည့်တိုက်မှူးမှသံလွင်မြင့် ကာတွန်းသရုပ်ဖော်-သီဟ(စခန်းသစ်)တတိယအမြင် ပုံပြင်များစာစဥ် တန်ဖိုးကိုယ်စီရုပ်ပြအသိပညာပေးစာအုပ်အားဖတ်ပြပေးပြီးကျောင်းသူ၊ ကျောင်းသားများနှင့်အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသူ/သားများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအား စိတ်ဝင်းစားစွာဖတ်ရူလေ့လာခြင်းနှင့် ပြသထားသောစာဖတ်ရှိန်မြှင့်တင်ရေး စာကြည်တိုက်ဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး ဉာဏစွမ်းရည်ပြိုင်ပွဲများကိုလည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)