လသာ ဩဂုတ် ၂၀
ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ကျောင်းကျန်းမာရေးအတွက် ကျန်းမာရေးဦးစီးဌာန (သွားကျန်းမာ) ဦးဆောင်မှုဖြင့် အ.မ.က (၂) လသာကျောင်း၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ကျောင်းသား/သူများကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် သွားတိုက်ပြီးနောက် လိုက်နာရမည့် After tooth brushing လေ့ကျင့်ခွင့်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဤလုပ်ငန်းများသည် ကျောင်းသား/သူများအား သွားကျန်းမာရေးအပါအဝင် အခြေခံကျန်းမာရေးအပေါ် စိတ်ဝင်စားမှု ပိုမိုရစေရန် ရည်ရွယ်ပါသည်။
ထို့အပြင် ကျောင်းသား/သူများ စိတ်ဝင်စားလွယ်စေရန်နှင့် အလွယ်တကူနားလည်စေရန် ကျန်းမာရေးပညာဆိုင်ရာ ကဗျာများကိုလည်း သင်ကြားပေးခဲ့ကြပြီး သန့်လေးသန့်၊ သွေးလွန်တုပ်ကွေးကဲ့သို့သော ရောဂါများအပေါ် သတိထားသင့်ကြောင်း ကဗျာအသံဖြင့် ရွတ်ဆိုပေးခြင်းဖြင့် ကျောင်းသား/သူများ ကျန်းမာရေးပညာရပ်များကို ပိုမိုနက်နဲစွာ သိမြင်နိုင်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား/သူများ၏ တကိုယ်ရေသန့်ရှင်းမှုကို စစ်ဆေးပေးခဲ့ပြီး သန့်ရှင်းစွာ နေထိုင်ရမည့် အကျင့်စာရိတ္တများကို လိုက်နာသင့်ကြောင်း ညွှန်ကြားပေးခဲ့ပြီး ထိုသို့ ဆောင်ရွက်ခြင်းများအားဖြင့် ကျောင်းသား/သူများ သန်စွမ်းကျန်းမာပြီး သန့်ရှင်းစွာ နေထိုင်နိုင်ရန်အတွက် အခြေခံကျန်းမာရေးပညာများ တိုးတက်စေရန် အထောက်အကူဖြစ်လာစေမည်ဟု သိရသည်။
နေလင်း (ပြန်/ဆက်)