သင်္ဃန်းကျွန်း သြဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရုံးစာရေးသားနည်းသင်တန်းအမှတ်စဥ်(၁/၂၀၂၅)သင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။
သင်တန်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဇာဇာထွန်းက သင်တန်းဖွင့်ပွဲအမှာစကားပြောကြားရာတွင် ရုံးဝန်ထမ်းများရုံးစာရေးသားရာတွင် ရုံးစာရေးသားခြင်းပုံစံကျနမှန်ကန်မှုရှိစေရန်၊ မသိမတတ်သည်များသိတတ်နားလည်စေရန်၊ ကာယ/စိတ္တများ မှန်ကန်စွာထားတတ်စေရန်ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းသို့ ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြညးရေးမှူးဒေါ်ဇာဇာထွန်း၊ သက်ဆိုင်ရာမြို့နယ်ရုံးများမှ တာဝန်ခံအရာရှိများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းအား သြဂုတ်လ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့အထိဖွင့်လှစ်သင်ကြားပြီး သင်တန်းသား/သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇော်မိုး(ပြန်/ဆက်)