ဒဂုံမြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံ ဩဂုတ် ၂၀

ရန်ကုန်တိုင်ဒေသကြီး ကျောက်တံတားခရိုင် ဒဂုံမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ဦးဘလွင်ခန်းမတွင် လျှပ်စစ်စွမ်းအား၀န်ကြီးဌာန ၊ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပရေးရှင်းမှ အများပြည်သူလျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဟောပြောပွဲတွင်ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးသိုက်ထွန်းမောင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသန်းထိုက်ဇော်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင်ဦးတို့က လျှပ်စစ်အန္တရာယ်အကြောင်းအရင်း၊ လျှပ်စစ်ပစ္စည်းများ အသုံးပြုရာ တွင်လိုက်နာရမည့် စည်းကမ်းများ၊ လျှပ်စစ်အန္တရာယ်အလျင်အမြန်ကာကွယ်ရေး၊ ကလေးသူငယ်များအတွက် ဂရုပြုရမည့်အချက်များ၊ အရေးပေါ်အခြေအနေဖြေရှင်းနည်းများ၊ လျှပ်စစ်အန္တရာယ်သတိပေးခြင်းနှင့် ပညာပေးခြင်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်လျှပ်စစ်မန်နေဂျာ ရုံး၀န်ထမ်းများမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင်များကို ကျောင်းသားကျောင်းသူများကို ပေးဝေခဲ့ကြသည်။ ဟောပြောပွဲကို ကျောင်းအုပ်ဆရာကြီး ဦးကိုကိုနိုင်နှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့ (ပြန်/ဆက်)