ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ မြန်မာ့သိုင်းအခြေခံသင်တန်းနှင့် မိုးရာသီအခြေခံတိုက်ကွမ်ဒိုသင်တန်းဆင်းပွဲနှင့် ကျောင်းတွင်းအား ကစားပြိုင်ပွဲများ ကျင်းပ

ရန်ကင်း ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြန်မာ့သိုင်းဆပ်ကော်မတီနှင့် ရန်ကင်းပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသော မြန်မာ့သိုင်းအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် မိုးရာသီအခြေခံတိုက်ကွမ်ဒိုသင်တန်းဆင်းပွဲနှင့် ကျောင်းတွင်း အားကစားပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ရန်ကင်းပညာရေးဒီဂရီကောလိပ်ရှိ မြတ်ပညာခန်းမ၌ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာငြိမ်းသီအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့သိုင်းအဖွဲ့၊ Fitness Dance အဖွဲ့နှင့် တိုက်ကွမ်ဒိုအဖွဲ့တို့မှ သရုပ်ပြဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ သင်တန်းနည်းပြများနှင့်အလှူရှင်များအား ရန်ကင်းပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးဒေါက်တာငြိမ်းသီအောင်က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။ ထို့နောက် သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဇော်မိုးထိုက်က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ချီးမြှင့်ပေးအပ်ခဲ့ပြီး သရုပ်ပြဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေကျပ် ၃၀၀၀၀၀/အား ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်း၌ တိုက်ကွမ်ဒိုသင်တန်းတွင် သင်တန်းသား ၆၀ ဦးနှင့် မြန်မာ့သိုင်းသင်တန်းတွင်သင်တန်းသား ၃၉ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလအား ဇူလိုင်လ ၈ ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့အထိဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

လှလှထွေး(ပြန်/ဆက်)