ရန်ကုန် သြဂုတ် ၂၀
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပုံပြောပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပုံပြောပြိုင်ပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီ ကျောင်းသား၊ ကျောင်းသူများက အိုးကလေးနှစ်လုံးပုံပြင်နှင့် ရိုးသားခြင်း၏ တန်ဖိုးပုံပြင်အကြောင်းအရာများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆုရ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ခဲ့ကြပြီ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်၊ စာစောင်များအား စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါပုံပြောပြိုင်ပွဲတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)