ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၅/၂၀၂၅) သင်တန်းဖွင့်လှစ်

ဒဂုံဆိပ်ကမ်း ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြနီ အသင်းခွဲ/တပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၅/၂၀၂၅)ဖွင့်ပွဲကို ဩဂုတ် ၁၈ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွက်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ယခုဆိုလျှင် ၅ ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ မိမိနေအိမ်၊ မိမိကျောင်း၊ မိမိပတ်ဝန်းကျင်အတွင်း ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးပြုစုခြင်းဖြင့် လူ့အသက်ပေါင်းများစွာအား ကယ်တင်နိုင်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ရှေးဦးပြုစုခြင်းအခြေခံ(၅/၂၀၂၅) သင်တန်းတွင် ကျောင်းသား/သူ (၃၀)အား စာတွေ့၊ လက်တွေ့သင်ခန်းစာများ (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)