လှိုင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟော ပြောပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

လှိုင် ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊စကား ပုံဆက်ပြိုင်ပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် လှိုင်မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးကအဖွင့်အမှာစကားပြောကြားပြီး လှိုင်မြို့နယ် စာရေးဆရာအသင်းနာယက ဦးမင်းဆက်ပိုင်က “သိပ်ချစ်တယ်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ထို့‌နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်က ကျေးဇူးတင်စကားပြောကြားပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးညိုထွန်းက စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး Grade-11 ကျောင်းသူ မအမရာဇာနည်က လူငယ်နှင့်ယဉ်‌ကျေးမှု၊ Grade-11 ကျောင်းသား မောင်သူရိန်ရဲထွဋ်လွင်က လူငယ်နှင့်အနုပညာ၊ Grade-11 ကျောင်းသူ မမိုးခရေက လူငယ်နှင့် ဆိုရှယ်မီဒီယာ၊ Grade-11 ကျောင်းသူ မဖူးမြတ်ပန်က လူငယ်နှင့်အားကစား၊ Grade-11 ကျောင်းသူ မထူးထူးလှိုင်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-11 ကျောင်းသူ မဆုလဲ့ဝေကျော်က လူငယ်နှင့်စာပေခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြသည်။ ဆက်လက်၍ လှိုင်မြို့နယ်စာရေးဆရာအသင်းနာယက ဦးမင်းဆက်ပိုင်အား ဂါဝရလက်ဆောင်ပေးအပ်ခြင်းနှင့် လူငယ်စကားဝိုင်းတွင် ဝင်ရောက်ဆွေးနွေးပေးကြသော ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဆု‌လက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား စကားပုံဆက်ပြိုင်ပွဲဆောင်ရွက်ပေးခဲ့ပြီး အဖြေမှန်သူများအား ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာ‌စောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇော်ဇော်နိုင် (ပြန်/ဆက်)