စာဖတ်ရှိန်မြှင့်မားလာစေရန် ပြည်ကြီးတံခွန်မြို့နယ်အတွင်းတွင် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်ကြီးတံခွန် ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာအုပ်စာစောင်များ အလွယ်တကူ ဌားရမ်းဖတ်ရှုနိုင်စေရန် ယမန်နေ့ နံနက် ၁၀နာရီအချိန်က ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့သည်။

ထို့သို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ဌားရမ်းပေးရာတွင် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာကျောင်းအ.ထ.က (ခွဲ) လ-၂၅ကျောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့သည်။

အဆိုပါ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာပေဝါသနာရှင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများ စိတ်ကြိုက်ရွေးချယ်ဖတ်ရှုနိုင်စေရန် သုတ၊ ရသမဂ္ဂဇင်း၊ ဝတ္ထု၊ ရုပ်ပြနှင့် အသိပညာဗဟသုတများစွာ ရရှိမည့် သုတ၊ ရသစာစောင်များကို ငှားရမ်းပေးနေပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ် စာအုပ်အသစ်များဖြင့် ပြန်လည်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းမောင်