မြစ်သားမြို့နယ်တွင် အိမ်သုံးပစ္စည်းများကို သွပ်ပြားဖြင့် ပြုလုပ်ရောင်းချပြီး စီးပွားရေး အဆင်ပြေ

မြစ်သား သြဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောကျေးရွာအတွင်းရှိ အိမ်သုံးပစ္စည်းများကို သွပ်ပြားဖြင့် ပြုလုပ်ရောင်းချခြင်းကို ဒေသအနှံ့ တင်ပို့လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် အိမ်သုံးပစ္စည်းများ သွပ်ပြားဖြင့် ပြုလုပ်ရောင်းချရာတွင် စျေးနှုန်းအမျိုးမျိုးနှင့် ပစ္စည်းဆိုဒ်စုံအမျိုးမျိုးရှိပြီး ပိုက်ဆံစုဗူးအသေးမှ အကြီးဆိုဒ်စုံ (၈) မျိုး၊ ရေဖြန်းပုံးအသေးမှ အကြီးဆိုဒ်စုံ (၃) မျိုး၊ ရေဆွဲပုံးအသေးမှ အကြီးဆိုဒ်စုံ (၈) မျိုး၊ သံသေတ္တာအသေးမှအကြီးဆိုဒ်စုံ (၇) မျိုး၊ အမှိုက်သိမ်းဂေါ်အသေးမှ အကြီးဆိုဒ်စုံ (၂) မျိုး၊ ပိုက်ဆံသေတ္တာအသေးမှ အကြီးဆိုဒ်စုံ (၂) မျိုး၊ သံမီးဖိုအသေးမှ အကြီးဆိုဒ်စုံ (၈) မျိုးရှိပြီး အစရှိသည့် ပစ္စည်များပြုလုပ်ကာ စီးပွားဖြစ်လုပ်ကိုင်ပြီး အမြို့မြိူ့နယ်များသို့ တင်ပို့‌ရောင်းချပေးလျက်ရှိသည်။

ထို့ကြောင့် ကျန်တောကျေးရွာမှ သံသေတ္တာနှင့် သံဖြူပစ္စည်းများမှာ နာမည်ရပြီး လူကြိုက်များသည့်အတွက် အများစုမှာသံသေတ္တာကို အားထားလုပ်ကိုင်ရောင်းချကြသည်။

ကျန်တောကျေးရွာထွက် အိမ်သုံးပစ္စည်းကုန်ချောများကို မန္တလေး၊ မိတ္ထီလာနှင့် အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)