ရန်ကုန် သြဂုတ် ၂၀
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ လက်ရှိမျက်မှောက်ကာလတွင် တိုးတက်လာသော IT နည်းပညာများအကြောင်း၊ (AI) ကဲ့သို့ ဉာဏ်ရည်တုဖြင့် လူမှုရေး၊ ပညာရေးနှင့် စီးပွားရေးတွင် ကဏ္ဍများပိုမိုဖွံဖြိုးတိုးတက်ကောင်းမွန်လာမှုများ၊ နိုင်ငံတစ်နိုင်ငံဖွံဖြိုးတိုးတက်နေခြင်းသည်လည်း နိုင်ငံအတွင်းရှိ လူငယ်များ၊ နိုင်ငံသူနိုင်ငံသားများ၏ စည်းကမ်းကောင်းမွန်မှု၊ နိုင်ငံချစ်စိတ်ရှိမှု၊ အတတ်ပညာအသိပညာပြည့်ဝမှု၊ စိတ်ဓာတ်ကောင်းမွန်မှု အကြောင်းအရာတို့ကို အသေးစိတ်ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးသီဟ