ကျောက်ပန်းတောင်း ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များသည် ဩဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ က ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ထားသည့် ပဲစဉ်းငုံစိုက်ခင်းများအားကြည့်ရှုအားပေးကာ စပါးစိုက်တောင်သူများအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)နှင့် ဓာတ်မြေဩဇာပေးအပ်ပွဲသို့ တက်ရောက်သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောက်ပန်းတောင်းမြို့နယ် ဆင်တိုင်းကန်ကျေးရွာအုပ်စု အတွင်းရှိ တောင်သူ ဦးအောင်မောင်း စိုက်ပျိုးထားသည့် ရွှေဒင်္ဂါးမျိုး ပဲစင်းငုံစိုက်ခင်းအား ကြည့်ရှုအားပေးပြီး တောင်သူများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။ ယင်းနောက် ကိုင်းကျေးရွာအုပ်စုသို့ ရှိ တောင်သူများနှင့်တွေ့ဆုံ၍ မျိုးစေ့ချ ကိရိယာ(Drum Seeder)နှင့် ဓာတ်မြေဩဇာပေးအပ်ပွဲသို့ တက်ရောက်ကာ စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စပါးစိုက်တောင်သူများအား မျိုးစေ့ချကိရိယာ(Drum Seeder)များနှင့် ယူရီးယားဓာတ်မြေဩဇာများပေးအပ်ကြပြီး စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၂) စက်မှုလယ်ယာစခန်းမှ မျိုးစေ့ချကိရိယာ(Drum Seeder) များနှင့် မိုးစပါးစိုက်ပျိုး သရုပ်ပြသခြင်းကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ မျိုးစေ့ချ ကိရိယာ(Drum Seeder)နှင့် ယူရီယား ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲနှင့် မိုးစပါးစိုက်ပျိုး သရုပ်ပြသခြင်း အခမ်းအနားများကို မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူ(၂၆၃)ဦး တက်ရောက်ခဲ့ကြသည်။
နေအောင်(ပြန်/ဆက်)