မြောင်းမြ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊မြစိမ်းရောင်သာသနာ့နယ်မြေရှိ အသစ်ဆောက်လုပ်ပြီးစီးခဲ့သော သုဓမ္မာဇရပ် ဖွင့်ပွဲအခမ်းအနားကို မြစိမ်းရောင်သာသနာ့နယ်မြေ မြစိမ်းရောင်တောင်တော်ပေါ်တွင် သြဂုတ်လ ၁၉ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းမင်းကြီး ဦးစန်းဌေးက သုဓမ္မာဇရပ်ဆောက်လုပ်မှုအခြေအနေများ အားရှင်းလင်းတင်ပြခဲ့သည်။ထို့နောက် တိုင်းဒေသကြီးအစိုးရအအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သုဓမ္မာဇရပ်ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာများ ပက်ဖြန်းပေးခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသောဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက သုဓမ္မာ ဇရပ်သစ်ကြီးဆောက်လုပ်ထားရှိမှုအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)