ခရမ်းမြို့ အ.လ.က(စက်သစ်)တွင် ငလျင်သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

ခရမ်း ဩဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အ.လ.က(စက်သစ်)ကျောင်းတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်မှုမရှိကြောင်း၊ နေ့ညအချိန်မရွေးလှုပ်ခတ်နိုင်ပြီး အဖျက်စွမ်းအားကြီးမားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည့်အတွက် ငလျင်၏သဘာဝများ၊ ငလျင်ကြောင့် အသက်အန္တရာယ်ကင်းရှင်းစေရေးအတွက် နေထိုင်ပြုမှုရမည့်အချက်များ၊ ငလျင်လှုပ်နေစဉ်ဆောင်ရွက်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရန်အချက်များအား ပြောကြားခဲ့သည်။

ဆက်လက်၍ သဘာဝငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခရမ်း (ပြန်/ဆက်)