ကျိုင်းလပ်မြို့ အခြေခံပညာမူလတန်းကျောင်း(နမ့်ဖျန်)၌ စာဖတ်ရှိန်မြှင်တင်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကျိုင်းလပ် ဩဂုတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ် (၂)နာရီက အခြေခံပညာမူလတန်းကျောင်း(နမ့်ဖျန်)၌  ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်စန်းစန်းမြင့်က ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာကို ကြိုစားကြသလို ဗဟုသုတတိုးပွားစေရန်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ လူကုန်ကူးမှုပုံများအကြောင်း၊ လူကုန်ကူခံရခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးများ၊ လူတိုင်းသတိပြုရမည့် အချက်များကို ကျောင်းသား/ကျောင်းသူများ သိရှိရန် လိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် ကျောင်းသား/ကျောင်းသူများက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)