မိုးကောင်း ဩဂုတ် ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) တွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ထူးရအောင် သင်ကြားပေးသည့် ဆရာ၊ ဆရာမများ၊ ပြည်နယ်နှင့်မြို့နယ်အဆင့် ဆုရရှိသည့် ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို မိုးကောင်းမြို့တော်ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီတွင်ကျင်းပခဲ့ရာ အခမ်းအနားကို အ.ထ.က(၂)မိုးကောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာပန်းခင်း”တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသီဟဇော်က ထူးချွန်ဆုချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြီး တက်ရောက်လာသည့် ပြည်နယ်ပညာရေးမှူး၏ဇနီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက နိုင်ငံတော်အဆင့် (ပဉ္စမ-ဝိဇ္ဇာတွဲ) (၁)ဦး၊ နိုင်ငံတော်အဆင့် (ဒဿမ-ဝိဇ္ဇာတွဲ)(၁)ဦး၊ ၆-ဘာသာ ဂုဏ်ထူးရှင်(၂)ဦး၊ ၅-ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ ၄-ဘာသာဂုဏ်ထူးရှင်(၁၂)ဦး၊ ၃-ဘာသာ ဂုဏ်ထူးရှင်(၁၇)ဦး၊ ၂-ဘာသာဂုဏ်ထူးရှင်(၃၅)ဦး၊ ၁-ဘာသာဂုဏ်ထူးရှင်(၁၁၃)ဦး၊ ဂုဏ်ထူးရအောင် သင်ကြားပေးသည့်ဆရာ၊ ဆရာမ(၆၅)ဦး၊ မြို့နယ်အဆင့် အောင်ချက် အကောင်းဆုံးဆုရကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုကတ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ခဲ့ပြီး အဆိုပါချီးမြှင့်မှုအတွက် စုစုပေါင်း ကုန်ကျငွေကျပ်(၂၈၈၄၉၀၀ဝိ/-) ဖြစ်ကြောင်း သိရသည်။
ဆုချီးမြှင်ပွဲတွင် အ.ထ.က(၁)ကျောင်းမှ ရှမ်းတေးသီချင် အကဖြင့်လည်းကောင်း၊ အ.ထ.က(၂) ကျောင်းမှ “ပညာပန်းခင်း”၊ “ဘုရားပေးတဲ့တိုင်းပြည”၊ “Karai Jaw Ai Mungdam” တေးသီချင်းများဖြင့်လည်းကောင်း၊ အ.ထ.က-ကျွန်းတောမှ “မမေ့နိုင်သောမြေ” တေးသီချင်းဖြင့်လည်းကောင်း၊ အ.ထ.က-နောင်ကိုင်တော်မှ “ရွှေညာသူရွှေညာသား” တေးသီချင်းဖြင့်လည်းကောင်း၊ အ.ထ.က-ကျွန်းပင်သာမှ ဝန်ပေါင်ရိုးရာအကဖြင့်လည်းကောင်း၊ မူလွန်-အရှေ့ရပ်မှ “မြန်မာမလေးပါရှင်”နှင့် “ပြည်ထောင်စုအလှထာဝရ” တေးသီချင်းများဖြင့်လည်းကောင်း၊ အ.မ.က-အလယ်ရပ်မှ “အအက္ခရာအောင်ပါစေ” တေးသီချင်းဖြင့် လည်းကောင်း အသီးသီးကပြဖျော်ဖြေကြပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး